👋大家好!တရုတ်စာသင်နေတာ အရမ်း ကြာနေပြီ၊ အရမ်းအချိန်ကုန်တယ်၊ မတိုးတက်သေးဘူးလို့ခံစားနေရရင် bamboo story လေးကိုဖတ်ကြည့်နော်!
ရှေးတုန်းက လူတစ်ယောက်ဟာ ဝါးပင်တစ်ပင်စိုက်တယ်။ သူက ဝါးမျိုးစေ့ကို မြေကောင်းကောင်းရွေးပြီး စိုက်ပျိုးခဲ့ပါတယ်။ နေ့တိုင်း ရေလောင်းပေးတယ်၊ ကောင်းကောင်း ဂရုစိုက်ပေးခဲ့ပါတယ်။
ဒါပေမယ့် ပထမနှစ်မှာတော့ မြေပြင်ပေါ်မှာ ဘာမှမပေါ်လာခဲ့ပါဘူး။ အရွက်လည်းမမြင်ရ၊ အပင်လည်းမမြင်ရတဲ့အတွက် အနားကလူတွေက “ဒီဝါးမျိုးစေ့က မပေါက်တော့ဘူးဆိုပြီး လှောင်ပြောင်ကြတယ်” ။
ဒုတိယနှစ်ရောက်တဲ့အခါလည်း အခြေအနေက အတူတူပါပဲ။ တတိယနှစ်၊ စတုတ္ထနှစ်တွေမှာလည်း မြေပြင်ပေါ်မှာ ဘာမှမပြောင်းလဲခဲ့ပါဘူး။ လူတွေက သူ့ကို “အချိန်တွေ ဖြုန်းနေတာပဲ” လို့ ပြောကြပါတယ်။
ဒါပေမယ့် သူကတော့ မလျှော့ဘဲ ဆက်ပြီး ရေလောင်းခဲ့တယ်။ အဲဒီနှစ်တွေတစ်လျှောက် ဝါးပင်ရဲ့ အမြစ်တွေက မြေအောက်မှာ တဖြည်းဖြည်း ဖြန့်ကျက်လာပြီး အားကောင်းတဲ့ အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နေခဲ့ပါတယ်။ အပြင်ကနေ ကြည့်ရင် ဘာမှမဖြစ်သလို ထင်ရပေမယ့် အတွင်းမှာတော့ ကြီးထွားဖို့အတွက် ပြင်ဆင်နေခဲ့တာပါ။
၅ နှစ်မြောက်ရောက်တဲ့အခါ ဝါးပင်က ရုတ်တရက် အချိန်တိုအတွင်း အလွန်မြန်ဆန်စွာ ၆ပတ် အတွင်း ပေ 80 လောက်အထိ ကြီးထွားလာခဲ့ပါတယ်။
အဲဒီအချိန်မှာ လူတိုင်းက ဝါးပင်က မြန်မြန်ကြီးလာလို့ အံ့ဩခဲ့ကြပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့ ဝါးပင်ဟာ ၅ နှစ်မြောက်မှ စပြီး ကြီးထွားခဲ့တာမဟုတ်ပါဘူး။ ပထမဆုံးနေ့ကတည်းက စတင်ကြီးထွားနေခဲ့တာပါ။ အဲဒီ ၅ နှစ်တာကာလဟာ အမြစ်တွေကို ခိုင်မာအောင် တည်ဆောက်နေတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။
ဒီပုံပြင်က သင်ခန်းစာပေးတာက — ဘဝမှာ တချို့အောင်မြင်မှုတွေဟာ ချက်ချင်းမမြင်ရနိုင်ပါဘူး။ ကြိုးစားနေတဲ့အချိန်မှာ ရလဒ်မတွေ့လို့ စိတ်ပျက်သွားနိုင်ပါတယ်။ စိတ်ဓာတ်ကျပြီး လက်လျော့ချင်နေပါလိမ့်မယ်။ဒါပေမယ့် မမြင်ရတဲ့နေရာမှာ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ အခြေခံတွေ တည်ဆောက်နေတတ်ပါတယ်။
အောင်မြင်မှုဆိုတာ ရုတ်တရက်ဖြစ်လာတာမဟုတ်ဘဲ စိတ်ရှည်မှု၊ ယုံကြည်မှုနဲ့ နေ့စဉ်ကြိုးစားမှုတွေ စုစည်းလာတဲ့ ရလဒ် ဖြစ်ပါတယ်။တရုတ်စာသင်တာလည်း အတူတူပါပဲ။ဒါကြောင့် လက်မလျော့ဘဲ Bamboo Forest Chinese နဲ့ အတူတူ ဆက်ကြိုးစားကြရအောင်💪။
